တ္ၚဲသၟတ်မန် အလန်တတိယ ဍုၚ်မလေဝ်ယှာ

က္ဍိုပ်သ္ကိုပ်ဂမၠိုၚ် လ္တူကမၠောန်ချဳဓရာၚ်ဂကူ ညံၚ်ဟွံဂွံသ္ပလဝ်မဇ္ဇုဟ် ကုသၟတ်တံ(ဝါ) ခေတ်တ္ၚဲဏံ သၟတ်တံလေဝ် သာသ္ပအ်မံၚ်ဟွံထေက်ရပုဟ် နာဲရတ်ပံၚ်ဟီု

Saturday, July 23, 2011

မလေးရှားတွင်မွန်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပ

July 18th, 2011 အကျဉ်းကျခံနေရဆဲ မွန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းပွဲနှင့် ရဟန်းသံဃာတော်များအားဆွမ်းအလှူကျွေးပွဲတရပ်ကို မလေးရှားနိုင်ငံရောက်မွန်အမျိုးသားများ ယမန်နေ့တွင် ကွာလာလမ်ပူမြို့တနေရာ၌ ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားသို့ မလေးရှားနိုင်ငံရှိ မွန်ဒုက္ခသည်ကယ်ဆယ်ရေးအသင်း၊ မွန်လူငယ်အသင်းနှင့် ကျောင်းသူကျောင်းသား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း ပါဝင်လှုပ်ရှားခဲ့သူ နိုင်ဥက္ကာက ပြောသည်။ “အဓိကရည်ရွယ်ချက်က မွန်အမျိုးသားအကျိုးအတွက် လုပ်ဆောင်ရင်း အကျဉ်းကျခံထားရတဲ့ မွန်နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ဒီကနေ့မွန်လူငယ်မောင်မယ်တွေ သိလာစေဖို့ပါ”...